………………………………………… …………………………………………

…………………………………………

…………………………………………

ခေတ်ပြိုင်

မဇ္ဇျိမ

ဧရာဝတီ

ယနေ့မြန်မာ

…………………………………………

ဘီဘီစီ

ဗွီအိုအေ

အာအက်ဖ်အေ

ဒီဗွီဘီ

…………………………………………

နစ်နေမန်

ဆရာမမေငြိမ်း

ခင်မင်းဇော်

မေဓါဝီ

ရန်အောင်

…………………………………………




နိုင်ဖိုချို နိုင်အောင်ထွန်း နိုင်ဖိုးစိန် နိုင်ထွန်းသိန်း နိုင်ငွေသိန်း

………………………………… …………………………………

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ...

KlainPraKawNy

အလုပ်သမားသီးချင်း

ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ချက်နှင့်ပါတ်သက်၍ ပအို့...

ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ကြေငြာချက်နှင့် ပါတ်သက်...

ဗိုလ်သန်းရွှေရဲ့ခေါင်းကို အမျိုးသမီးအတွင်းခံနဲ့ပစ်ြ...

ခရီးလွန်နေသောကာလ

အချက်အလက် ဗွီဒီယိုများ

သံဃာတော်များ၏ ဆန္ဒပြမှတ်တမ်း (၁၈/၁၉/၂၀/၂၁/ စက်တင်ဘာ...

တိုက်ပွဲခေါ်သံ



………………………………………

September 2007 October 2007 November 2007 January 2008



………………………………………

ဒီနေ့ကောန်ဟံသာ၏စာမျက်နှာ

ဘီထော်၏စာမျက်နှာ

………………………………………

စနောင်းတိုင်းမွန်သတင်းစဉ်

ဥသြမွန်သတင်းစဉ်

မွန်ပြည်သစ်ပါတီ

ဥရောပရောက်မွန်အဖွဲ့

………………………………………

နိုင်ဗညာစိန် နိုင်ရွှေကျင် နိုင်နလ္လာ (နိုင်ဆိတ်နို့) နိုင်ထင်း

Thursday, September 27, 2007
အချက်အလက် ဗွီဒီယိုများ





















Friday, September 21, 2007
သံဃာတော်များ၏ ဆန္ဒပြမှတ်တမ်း (၁၈/၁၉/၂၀/၂၁/ စက်တင်ဘာ ၂၀၀၇)

စက်တင်ဘာ ၁၈၊ ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေ့လယ် ၁၂ နာရီခွဲက သံဃာအပါး ၂၀၀ ကျော် ဦးဆောင်ဆန္ဒပြရာ ရာပေါင်း များစွာသော ပြည်သူများလိုက်ပါခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲကို အာဏာပိုင်တို့က မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲသည်။

မန္တလေးမြို့- မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်တွင် သံယာတော်အများ၏ ဆန္ဒကောက်ခံပြီး ကျောင်းအတွင်းရှိ သိမ်ထဲ၌ သံဃာ အပါး ၂၀ ခန့် ယနေ့ ကံဆောင်သည်။

ပဲခူးမြို့-ပဲခူးတိုင်း
နေ့လယ် ၁၂ နာရီခန့်မှစ၍ ပဲခူးမြို့ဘုန်းကြီးကျောင်းများရှိ သံဃာတော်အပါး ၁၅၀၀ ခန့် ငြိမ်းချမ်းစွာဖြင့် ပဲခူးမြို့တွင်းမှ ရွေမော်ဓော ဘုရားသို့ မေတ္တာသုတ်နှင့် ပရိတ်ရွတ်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ထောင်ပေါင်းများစွာသော ပြည်သူလူထုကြီးကလည်း သံဃာတော်များနောက်သို့ လိုက်ပါအားပေးကြပြီး ရေသန့်များ ကပ်လှူကာ အားပေးထောက်ခံခဲ့ကြသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခေမာသီဝံစာသင်တိုက်၊ သုခ၀တီစာသင်တိုက်၊ စိတ္တပါလဂူကျောင်းစာသင်တိုက် စသည့် စာသင်တိုက်ကြီးများ အပါအ၀င် အခြားရဟန်းအနည်းငယ်ဆီရှိသည့် ကျောင်းငယ်များရှိ သံဃာတော်များ သိမ်ဝင်ကြပြီး ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါဖတ်ကာ ကံဆောင်လိုက်ပြီဖြစ်သည်။

နေ့လယ် နာရီခွဲခန့်တွင် အောင်မြေရတနာစာသင်တိုက်မှ သံဃာအပါးတရာခန့် စေတီကြီးဘုရားမှစ၍ ပုခုက္ကူမြို့ကို စီတန်းလှည့်လည် ပရိတ်ရွတ်ကြသည်။

ရန်ကုန်
ဆူးလေဘုရားသို့ချီတက်သည့် ဆန္ဒပြသံဃာများ ဆူးလေရောက်သည့်အချိန်၌ သံဃာအပါး ၆၀၀ ကျော်လာသည်။

သံဃာတော်များ မေတ္တာသုတ်ရွတ်ဆိုကာ ချီတက်ကြခြင်းဖြစ်ပြီး ဆူးလေဘုရားမှ ဗိုလ်တထောင်ဘုရားသို့ ဆက်လက် ချီတက်ရာ ထောင်နှင့်ချီသောပြည်သူလူထုများက လက်ခုပ်တီးအားပေးကြသည်။

ပခုက္ကူ-မကွေးတိုင်း
နေ့လယ်တစ်နာရီ မှစတင်၍ှ ပခုက္ကူ မြို မှ ရဟန်းပျို တထောင်နှီးပါးခန့် အနောက်တိုက်၊ အလယ်တိုက်၊ အရှေ့တိုက် ဗောတိမာန်တိုင်ကျောင်းများမှတဆင့် မြို့ပတ်၍ မေတ္တာသုတ်ရွတ်ကာ ဆန္ဒပြ လမ်းလျှောက်သည်။

ရန်ကုန်
ရွှေတိဂုံဘုရားကို အာဏာပိုင်တို့ကပိတ်ထားသောကြောင့် ရန်ကုန်မြို့ရှိ အသံအပါး ၃၀၀ ခန့် နေ့လယ်၂ နာရီတွင် ရွှေတိဂုံခြေရင်း ဗဟန်းတောရမှ ဆူးလေဘုရာသို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြသည်။

နေ့လယ် နာရီခွဲတွင် ဆန္ဒပြသံဃာများ သမတရုပ်ရှင်ရုံအနီးသို့ရောက်ရှိသည်။

အောင်လံ-မကွေးတိုင်း
နံနက် နာရီခန့်က အောင်လံမြို့တွင် သံဃာအပါး ၉၀ ကျော်မေတ္တာသုတ်ရွတ်ဆိုကာ မြို့ပတ်ဆန္ဒပြသည်။

ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး - ရန်ကုန်
ယနေ့ နံနက်ပိုင်း မှ စတင်၍ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဗားဂရာတိုက်တွင် သိမ်ထဲ၌ သံဃာများ ကံဆောင်သည်။

တောင်ဥက္ကလာပ-ရန်ကုန်မြို့
နံနက် နာရီမှစ၍ ကျိုက္ကဆံဘုရားပတ်ဝန်းကျင်ရှိ စာသင်တိုက်များမှ သံဃာ ၃၅ ပါးခန့်က တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အချို့တွင် ပရိတ်ရွတ်ကာ လမ်းလျှောက်ဆန္ဒပြသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း
နံနက် နာရီမှ နာရီအထိ စိတ္တပါလဂူကျောင်းတိုက်ရှိ သံဃာအပါးတရာကျော် ပရိတ်ရွတ်ကာ လမ်းလျှောက် ဆန္ဒပြသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ခေမာသီဝံစာသင်တိုက်နှင့် အခြားစာသင်တိုက်တခုတို့မှ သံဃာအပါး ၅၀၀ ကျော်တို့ မိမိတို့ ကျောင်းတိုက်များတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကိုစတင်မည်။

-------------------------------------------------------------------------------------------

စက်တင်ဘာ ၁၉၊ ၂၀၀၇

ဆူးလးဘုရား-ရန်ကုန်မြို့
ညနေ နာရီခန့်တွင် ဆူးလေဘုရားရင်ပြင်၌ ဆန္ဒပြသံဃာ ၁၀၀၀ ကျော်နှင့် ထောက်ခံအားပေးသော ပြည်သူလူထုကို ဆောင်သည့်သံဃာ ၃၊ ပါးက နိုင်ငံရေးတရားဟောကာ ချီတက်ဆန္ဒပြပွဲအား အောင်မြင်စွာရုပ်သိမ်သည်။

ဆန္ဒပြသံဃာများသည် နေ့လယ်တနာရီတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင်ချီတက်ကြခြင်းဖြစ်ပြီး ရွှေဂုံတိုင်လမ်းဆုံ၊ တာမွေပလာဇာ၊ ကျောက်မြောင်းဈေး၊ သိမ်ဖြူလမ်းတို့မှတဆင့် ဆူးလေဘုရားသို့ ချီတက်ကြခြင်း ဖြစ်သည်။

ချီတက်ဆန္ဒပြသည့် သံဃာတော်များအား ပြည်သူလူထုက လက်ခုပ်တီးအားပေးကြပြီး ရေသန့်၊ အအေးနှင့် ကွမ်းများ ကပ်လှူကြသည်။ ဆူးလေဘုရာသို့ရောက်သည့်အချိန်၌ ထောက်ခံအားပေးသောပြည်သူ တသောင်း ကျော်သွားသည်။

ဆူးလေရင်ပြင်မှာ ကိုယ်တော်တွေက တနိုင်ငံလုံးကပြည်သူတွေကိုမေတ္တာပို့တယ်။ ဘုရားရှိခိုးပြီး ၃၊ ပါး လောက်က နိုင်ငံရေးတရားဟောသည်။

ရန်ကုန်မြို့-ရန်ကုန်တိုင်း
ယနေ့ ညနေပိုင်း နာရီခန့်က သံဃာတော်အပါး ၅၀၀ ခန့်သည် သီတင်းသုံးရာ ကျောင်းတိုက်ရှေ့မှ ဖြတ်၍ ရွှေဂုံတိုင်ဘက်သို့ ဆက်လက် ချီတက်သည်။

ယင်းဆန္ဒပြ သံဃာတော်များသည် သင်္ကန်းကျွန်း ကျက္ကဆံ ဘုရားဘက်မှ ဆန္ဒပြ ချီတက်လာခြင်း ဖြစ်သည်။

စစ်တွေ-ရခိုင်ပြည်နယ်
ယနေ့ နေ့လယ် နာရီခန့်တွင် စစ်တွေမြို့ရှိ သံဃာတော် အပါး ၈၀၀ ခန့်က ဖမ်းဆီးခံထားရသူ ဦးကို ပြန်လွှတ်ပေးရန် ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၌ တောင်းဆို ဆန္ဒပြသည်။

အဆိုပါဖမ်းဆီးခံထားရသူ ဦးသည် သြဂုတ်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် လောင်စာဆီနှင့်ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသော သံဃာ အပါး ၂၀၀ ကျော်ကို ရေသန့်ဘူးများ ကပ်လှူသောကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်တွေ-ရခိုင်ပြည်နယ်
ယမန်နေ့က ဆန္ဒပြရာတွင်ပါဝင်သော စစ်တွေမြို့မှ သံဃာ ပါးကို အာဏာပိုင်များက နေ့လယ်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ညဘက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသည့် သံဃာ ပါးတွင် ကိုရင်တပါ ပါဝင်သည်။ ယနေ့ နံနက်တွင် သံဃာတော်များနောက်မှလိုက်၍ ဆန္ဒပြသည့် ပြည်သူ ၁၀ ဦးကိုလည်း ပြန်လွှတ်လိုက်သည်။

ပြည်မြို့-ပဲခူးတိုင်း
နံနက် ၁၀ နာရီခန့်က သံဃာအပါး ၅၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ရွှေဆံတော်ဘုရားဝန်းကျင်၌ ချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြသံဃာများတွင် ဆရာတော်ကြီးများလည်း ပါဝင်သည်။

ရန်ကုန်မြို့-ရန်ကုန်တိုင်း
နေ့လယ်တနာရီတွင် သံဃာတော်အပါး ၄၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစ၍ ချီတက်ဆန္ဒပြသည်။

ဆန္ဒပြသံဃာများသည် အသာသနာ့အလံ လက်ကို ထိပ်ဆုံးတွင်လွှင့်ထူထားပြီး ပါးတတွဲတန်းကာ ချီတက်ဆန္ဒ ပြကြသည်။ နေ့လယ်တနာရီခွဲတွင် ဆန္ဒပြသံဃာများ ရွှေဂုံတိုင်လမ်းဆုံသို့ ရောက်ရှိပြီး ခြောက်ထပ်ကြီးဘုရားဘက်သို့ ဆက်လက်ချီတက်ကြသည်။

ခြောက်ထပ်ကြီးဘုရားအရောက်တွင် ဆန္ဒပြချီတက်ပွဲသို့ အခြားသံဃာများ ထပ်မံပူးပေါင်းသောကြောင့် အပါး ၇၀၀ ခန့်အထိဖြစ်သွားပြီး ပြည်သူများလည်း နောက်မှလိုက်လျှောက်သည်။

နေ့လယ် ၂နာရီတွင် ဆန္ဒပြသံဃာများး တာမွေလမ်းဆုံသို့ရောက်သည်။

ရန်ကင်းမြို့နယ်-ရန်ကုန်
ယနေ့နံနက် အာရုံဆွမ်းစားပြီးချိန်မှစ၍ သံဃာအပါး ၅၀ ခန့်သည် သာသနာ့အလံကိုထူကာ ရန်ကင်းနှင့် သင်္ကန်းကျွန်း မြို့နယ်တို့ရှိ လမ်းများတွင် ပရိတ်ရွတ် ချီတက်ဆန္ဒပြသည်။

ဆန္ဒပြသံဃာများသည် မိုးကောင်းဘုရားပတ်ဝန်းကျင်ရှိ ကျောင်းတိုက်များမှဖြစ်ကြပြီး ဆွမ်းစားချိန် ရောက်ခါနီးတွင် မိုးကောင်းဘုရားကို ကြိမ်ပတ်၍ ဆန္ဒပြပွဲအား ရုပ်သိမ်းလိုက်သည်။

ကြို့ပင်ကောက်-ပဲခူးတိုင်း
ယမန်နေ့ညနေ နာရီခန့်မှ နာရီအထိ ကြို့ပင်ကောက်မြို့မှ သံဃာအပါး ၂၅၀ ကျော်တို့သည် မေတ္တာသုတ်နှင့် မောရသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြသည်။

မန္တလေးမြို့-မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ သံဃာအပါး ၃၀၀ ကျော် ယနေ့နံနက် နှာရီ မှ နာရီအထိ မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြောင်း ဆန္ဒပြသည်။

-------------------------------------------------------------------------------------------

စက်တင်ဘာ ၂၀၊ ၂၀၀၇

ရန်ကုန်

ရန်ကုန် - ဆူးလေဘုရားမှချီတက်လာသည့် သံဃာတော်များသည် သိမ်ကြီးဈေးသို့ရောက်ရှိပြီး ညနေ နာရီခန့်တွင် အေးချမ်းစွာလူစုခွဲလိုက်သည်။

ဆန္ဒပြသံဃာများလူစုခွဲသည်အထိ ၈၈ မျိုးဆက်ကျောင်းသားများ၊ လတ်တလောကျောင်းတက်နေသည့် ကျောင်းသား များနှင့် ထောင်ပေါင်းများစွာသောပြည်သူများ လိုက်ပါချီတက်သည်။

လူစုခွဲချိန်တွင် သံဃာအင်အား ၂၀၀၀ ခန့်အထိ တိုးမြင့်သွားသည်။

ရွှေတိဂုံဘုရားပေါ်သို့လည်း သံဃာအပါး ၁၂၀၀ ခန့် တက်ခွင့်ရခဲ့ပြီး အေးချမ်းစွာ ဘုရားရှိခိုး၊ မေတ္တာပို့အပြီး လူစုခွဲလိုက်သည်။

မုံရွာ-စကိုင်းတိုင်း

မုံရွာမြို့ ဇောတိကကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်အပါအ၀င် ကျောင်းတိုက် တိုက်တို့ရှိ သံဃာတော်အပါး ၅၀၀ ကျော်ခန့်က နေလယ်နာရီမှ နာရီ ခွဲအထိ ချီတက် ဆန္ဒပြသည်။

ငြိမ်းချမ်းစွာနဲ့ ဆုတောင်းပြည့် ဘုရားကြီး ပြီးတော့ ရွေစည်းခုံဘုရားတွေမှာ ဘုရားရှိခိုးတယ်။ ပြီးတော့ ဘူတာလမ်းအတိုင်း အနှောင်အယှက်ကင်းစွာနဲ့ ကျောင်းတိုက်ထဲကိုဝင်သွားသည်။

မုံရွာရှိ ပြည်သူလူထုများက လမ်းဘေးဝဲယာမှ လက်အုပ်ချီရှိခိုးကြပြီး တချို့ ကလည်း သောက်ရေသန့်နှင့် ဖျော်ရည် လှူဒန်းသည်။

ရန်ကုန်

ရွှေတိဂုံဘုရားမှ ဆန္ဒပြချီတက်လာသောသံဃာအပါး ၁၀၀၀ ခန့်သည် နေ့လယ် နာရီခွဲခန့်တွင် ဆူးလေဘုရားသို့ ရောက်ရှိသည်။

မေတ္တာပို့ဆန္ဒပြနေသည့် သံဃာတော်များ၏ ဘေးတဖက်တချက်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် လက်ရှိပညာ သင်ကြားနေသော ကျောင်းသားများက လက်ချင်းချိတ် ၀ိုင်ရံ၍ လိုက်ပါလာသည်။

ထောင်နှင့်ချီသော ပြည်သူလူထုကလည်း သံဃာများနောက်မှ လိုက်ပါသည်။

အမေရိကန်သံရုံးဟောင်း၊ အင်္ဂလန်သံရုံး၊ အိန္ဒယသံရုံးများရှေ့ကိုဖြတ်ကာ သိမ်ကြီးဈေးဘက်သို့ ဆက်လက်ချီတက်သည်။

မြေနီကုန်း-ရန်ကုန်

ကြည့်မြင်တိုင် မစိုးရိမ်တိုက်ရှိ သံဃာ ၃၀၀ ကျော် မြေနီကုန်းမှစ၍ ဆန္ဒပြချီတက်သည်။

၁၂ နာရီ ၁၀ မိနစ်မှာ တကြောင်းက အလုံလမ်းဘက်ကနေပြီး ရွှေတိဂုံကိုသွားတယ်၊ နောက်တကြောင်းက ရွှေဂုံတိုင် ဘက်ကနေ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်းတွေဘက်ကိုသွား။ မြေနီကုန်းကနေ ၂ ကြောင်းခွဲ။ အနောက်မှာ လူထုလဲပါသည်။

နေ့လယ်တနာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့မုခ်သို့ ဆန္ဒပြသံဃာများရောက်ရှိပြီး မိုးများလည်း ရွာသွန်းလျက်ရှိသည်။

အမရပူရမြို့-မန္တလေးတိုင်း

ယမန်နေ့နေ့လယ်တနာရီတွင် မဟာဂန္ဓာရုံ အနီးတ၀ိုက်ရှိ ကျောင်းများမှ သံဃာတော်အပါး ၁၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြသည်။

အရှေ့သွား သံဃာတပါးက သပိတ်ပိုက်တယ် ဘေးကသံဃာ ပါးက အလံကိုင်တယ် နောက်က သံဃာတော် ၉၉ ပါး လိုက်လျောက်သည်။

အမရပူရရှိပြည်သူလူထုက မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းကို အာဏာပိုင်တို့က ဟန့်တားခဲ့သည်။

ရန်ကုန်

နံနက်ပိုင်းတွင် ပဲခူးမြို့မှသံဃာတော်များ ရန်ကုန်သို့မီးရထားဖြင့်လာကြရာ တိုးကြောင်ကလေးဘူတာတွင် သံဃာတော်များ စီနင်းလိုက်ပါလာသည့်ရထားတွဲကို အာဏာပိုင်က ဖြုတ်ထားခဲ့သောကြောင့် သံဃာများ ရန်ကုန်မြို့တွင်းသို့ လမ်းလျှောက်ချီတက်လာသည်။

အဆိုပါသံဃာတော်များသည် ရွှေတိဂုံဘုရားသို့ ချီတက်လျက်ရှိပြီး နံနက် ၁၁ နာရီခန့်တွင် သင်္ကန်းကျွန်း မြို့နယ်သို့ ရောက်ရှိသည်။


ရန်ကုန်မြို့တော်ခန်းမကို အာဏာပိုင်တို့က သံဆူးကြိုးများဖြင့် ကာလိုက်သည်။

-------------------------------------------------------------------------------------------

စက်တင်ဘာ ၂၁၊ ၂၀၀၇

ရွှေဘို - စစ်ကိုင်းတိုင်း

နေ့လယ် ၁၂း၃၀ - ၁ နာရီ ခန့်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် သံဃာတော် အပါး ၇၀ ကျော်က ရွှေဘိုဈေး အနီးဝန်းကျင်တွင် မေတ္တာသုတ် ရွတ်ဆို၍ ချီတက်ဆန္ဒပြသည်။

ထောင်နှင့်ချီသော ပြည်သူများက ဆန္ဒပြသံဃာများကို လက်ခုပ် လက်ဝါးတီး၍ အားပေးသည်။

အမရပူရမြို့- မန္တလေးတိုင်း

ယနေ့နေ့လယ် ၁၂နာရီ မှ စတင်၍ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် အပါး ၇၀၀ ကျော် ချီတက် သပိတ်မှောက်သည်။

သုံးပါးစီ စီတန်းလမ်းလျောက်တယ်၊ ရှေ့ဆုံးမှာ သာသနာ့ အလံထောင်တယ်၊ သံဃာ တပါး က သပိတ်ကို မှောက်ပြီးတော့ ကိုင်တယ်၊ မင်္ဂလာတိုက် လမ်းက ထွက်ပြီး လမ်းငါးခွ၊ ကွမ်းသီးတန်း ရွေဂူကြီးဘုရား လမ်းမတက် ပြီး တောင်သမန်လမ်း တောက်လျောက်သွားသည်။

ဆန္ဒပြသံဃာတော်များနောက်က ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင် ၂၀ ကျော်က ဆိုင်ကယ်နှင့် လိုက်ကြည့်၊ စစ်ကိုင်း မန္တလေး သွား ကားတန်းများ ရပ်တန့်ပေးပြီး လမ်းဘေးဝဲယာရှိပြည်သူများက သံဃာတော်များကို ကြည်ညို အားပေးသည်။

ရန်ကုန်

ယနေ့ နံနက်ပိုင်းတွင် သံဃာတော် အပါး ၃၀၀ ခန့် မြောက်ဥက္ကလာပ မြို့နယ် မယ်လမု ဘုရားသို့ ချီတက် ဆန္ဒပြသည်။

ယင်းသံဃာတော်များသည် မယ်လမု ဘုရားတွင် ၁၅ မိနစ်ခန့် မေတ္တာသုတ်များ ရွတ်ဖတ်သည်။

မိုးသဲထန်စွာ ရွာနေသည့်ကြားမှပင် ရန်ကင်းမြို့နယ်ဘက်မှ ချီတက်လာသော သံဃာတော် အပါး ၂၀၀ ခန့်သည်လည်း အခြားသော သံဃာတော် အပါး ၅၀ ခန့်နှင့်ပူးပေါင်း၍ ရွှေတိဂုံဘုရားသို့ ချီတက်သွားသည်။

ရန်ကုန်

နေ့လယ် နာရီကျော်တွင် ထောင်နှင့်ချီသောသံဃာများ ဗိုလ်ချုပ်အောင်ဆန်းလမ်း စကော့ဈေးရှေ့မှ လေးပါးတတန်း အပါး ၄၀၀၀ ခန့် စီတန်းချီတက်သွားသည်။

သပိတ်မှောက် ဆန္ဒပြသံဃာထုထိပ်ဆုံးနှင့် နောက်ဆုံးတွင် သာသနာ့အလံ လက်စီ ကိုင်ဆောင်ချီတက်ကြသည်။

ဆန္ဒပြသံဃာများသည် ဆူးလေဘုရားလမ်းသို့ချိုးကွေ့ကာ ဆူးလေဘုရားဘက်သို့ ဆက်လက် ချီတက်သည်။

ဆန္ဒပြသံဃာထုနှင့်အတူ ကျောင်းသား၊ ပြည်သူ ၁၀၀၀ ခန့် ပူးပေါင်းလိုက်ပါသည်။

ပဲခူးမြို့- ပဲခူးတိုင်း

နေ့လယ် တနာရီမှ နာရီ ခန့်အထိ သံဃာအပါး ၁၀၀ ခန့် ချီတက်ဆန္ဒပြ သပိတ်မှောက်သည်။

၎င်းသံဃာတော်များသည် ပဲခူးရှိဘုန်းကြီးကျောင်းများနှင့် ရွှေမော်ဓောဘုရားသို့ မေတ္တာသုတ်ရွတ်ချီတက်ခဲ့ကြသည်။

နံနက်ပိုင်းတွင်လည်း ပဲခူးမှသံဃာတော်များ ဟိုင်းလတ်ကား စီးဖြင့် ရန်ကုန်ကိုလာရာ အာဏာပိုင်တို့က ရန်ကုန်မြို့အ၀င် ထောက်ကြံ့ဂိတ်အရောက်တွင် တားဆီးခဲ့သည်။

မိုးကုတ် - မန္တလေး

သံဃာတော် အပါး ၂ဝဝလောက် နှင့် ပြည်သူ ၂၀၀ ခန့် ဆန္ဒပြခဲ့သည်။ ဖောင်တော်ဦးဘုရားကနေ (၁)နာရီခန့်မှာစထွက်သည်။

ဒိုက်ဦး - ပဲခူး

ပဲခူးတိုင်း ဒိုက်ဦး မြို့နယ်တွင်လည်း သံဃာတော် အပါး ၂ဝဝ ခန့်က စစ်အစိုးရကို ယနေ့ စတင် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

မုံရွာ-စကိုင်းတိုင်း

သံဃာတော် အနည်းဆုံး ၁၅ဝဝ ခန့်သည် ယနေ့တွင်လည်း မုံရွာမြို့တွင် လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ကြပြန်သည်။

ဇောတိက၊ ရန်ကင်း၊ ချောင်းဦး ကျောင်းတိုက်များမှ နေ့လည် ၁၂ နာရီမှ စတင်ကာ မြို့လယ် ဘုရားများဖြစ်သည့် ရွှေစည်းခုံနှင့် ဆုတောင်းပြည့် ဘုရားများသို့ သွားရောက်ကာ ဘုရားဝတ်ပြုခြင်းနှင့် လမ်းတလျှောက် ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်နေပြီ ဖြစ်သည်။

-------------------------------------------------------------------------------------------

Souce : ဧရာဝတီခေတ်ပြိုင်