Tuesday, September 4, 2007
တောင်ကုတ်မှာ ဆန္ဒပြပွဲ ထပ်မံဖြစ်ပွား
ယနေ့မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ လူထုကြီးက လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်ခြင်းကို ကန့်ကွက်၍ ဆန့်ကျင် ဆန္ဒပြခဲ့ကြပြန်သည်။ ပြီးခဲ့သောသြဂုတ်လ (၃၁) ရက်နေ့က လောင်စာဆီဈေးနှုံြးီုကီးမြင့်ခြင်းအပေါ် အကြောင်းပြု၍ ဆန္ဒပြခဲ့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖမ်းဆီး ခံထားရသည်။ ထိုဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ အာဏာပိုင်များမှ ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသည်ကို အကြောင်းပြု၍ ဆန္ဒပြပွဲတခု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ယင်းဆန္ဒပြပွဲတွင် လူ ထောင်ကျော် ပါဝင် ဆန္ဒပြခဲ့ကြကြောင်း မြန်မာ့အင်တာနက်စာမျက်နှာများမှ တင်ပြထားပါတယ်။ တင်ပြထားသည့် အင်တာနက်စာမျက်နှာများကတော့ http://69.64.67.53/breaking_news.php http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html http://www.khitpyaing.org/news/september_2007/4-9-07c.php စတဲ့ အင်တာနက်သတင်းစာမျက်နှာများမှာ ဖော်ပြထားတာကို ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။ |
posted by jawpakao at 5:55 AM