………………………………………… …………………………………………

…………………………………………

…………………………………………

ခေတ်ပြိုင်

မဇ္ဇျိမ

ဧရာဝတီ

ယနေ့မြန်မာ

…………………………………………

ဘီဘီစီ

ဗွီအိုအေ

အာအက်ဖ်အေ

ဒီဗွီဘီ

…………………………………………

နစ်နေမန်

ဆရာမမေငြိမ်း

ခင်မင်းဇော်

မေဓါဝီ

ရန်အောင်

…………………………………………




နိုင်ဖိုချို နိုင်အောင်ထွန်း နိုင်ဖိုးစိန် နိုင်ထွန်းသိန်း နိုင်ငွေသိန်း

………………………………… …………………………………

တောင်ကုတ်မှာ ဆန္ဒပြပွဲ ထပ်မံဖြစ်ပွား

စမ်းသပ်ထားခြင်းဖြစ်ပါတယ်



………………………………………

ဒီနေ့ကောန်ဟံသာ၏စာမျက်နှာ

ဘီထော်၏စာမျက်နှာ

………………………………………

စနောင်းတိုင်းမွန်သတင်းစဉ်

ဥသြမွန်သတင်းစဉ်

မွန်ပြည်သစ်ပါတီ

ဥရောပရောက်မွန်အဖွဲ့

………………………………………

နိုင်ဗညာစိန် နိုင်ရွှေကျင် နိုင်နလ္လာ (နိုင်ဆိတ်နို့) နိုင်ထင်း

Wednesday, September 5, 2007
စစ်အစိုးရညီလာခံရဲ့ မှတ်တမ်းမဲ့မှတ်တမ်း
မြန်မာနိုင်ငံမှာ စစ်အစိုးရက ကြီးမှူးကျင်းပတဲ့ အမျိုးသားညီလာခံကြီး(စက်တင်ဘာ ၃ ရက် ၂၀၀၇ မှာ) ပြီးဆုံးခဲ့ပါပြီး။ (၁၄)နှစ် ကြာအောင်ကျင်းပလာခဲ့တဲ့ ဒီအမျိုးသားညီလာခံရဲ ရလာဒ်ကတော့ ပြည်သူတွေအကျိုးမပြုနိုင်တဲ့ စစ်အစိုးရရဲ့အလိုကျ အခြေခံဥပဒေတွေတသီတတန်းကြီးထွက်ပေါ်လာခဲ့ပါပြီး။ ဒီလို ထွက်ပေါ်လာနိုင်တဲ့ အခြေအနေကတော့ စစ်အစိုးရရဲ့ ညီလာခံမှာ ပါဝင်တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်အတုအယောင်များရော အခြားညီလာခံကိုယ်စားလှယ်များပါ အသေးစိတ်အခြေခံရမည့် မူ (၁၀၄) ချက်မှာ မည်သည့်အချက်မှ ပါဝင်ကန့်ကွက် နိုင်ခဲ့ခြင်းမရှိခဲ့ကြ ခြင်းပင်။ ကန့်ကွက်နိုင်အောင်လည်း ခွင့်ပြုထားမည်မဟုတ်။

ဒါပေမယ့် ၂၀၀၄ ခုနှစ် ဇွန်လ စစ်အစိုးရညီလာခံမှာတော့ တိုင်းရင်းကိုယ်စားလှယ်မဟုတ်သော တိုင်းရင်းသားများကို ကိုယ်စားပြုနိုင်သည်ဟု အမျှော်လင့်နိုင်ဆုံး ဖြစ်တဲ့ အပစ်အခတ်အခတ်ရပ်စဲထားသောကိုယ်စားလှယ်များထဲမှ ကိုယ်စားလှယ်အဖွဲ့ (၁၃)ဖွဲ့ဟာ သမိုင်းတွင်တဲ့ ဆွေးနွေးအကြံပြုချက်စာတမ်း ကို ညီလာခံမှာ စုပေါင်း တင်သွင်းခဲ့ပါတယ်။

ဒီအကြံပြုစာရဲ့ အနှစ်ချုပ်ကတော့
၁။ ထပ်တူပြုဥပဒေပြု ထားရှိရေး၊
၂။ အကြွင်းအကျန်အာဏာကို ပြည်နယ်များတွင်လည်း ထားရှိရေး၊
၃။ ဥပဒေပြုကဏ္ဍများမှာ တိုင်းရင်းသားလူမျိုးစုကဏ္ဍကို သီးခြား ထားရှိစဉ်းစားရေး၊
၎။ပြည်နယ်လွှတ်တော်များမှာ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့်များရှိရေး၊
၅။ ပြည်နယ်လွှတ်တော်များမှာ စာပေ၊ ယဉ်ကျေးမှုနဲ့ ပါတ်သက်ပြီး ဥပဒေပြုပိုင်ခွင့်ရှိရေး၊
၆။ တိုင်းရင်းသားများရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြုပြဌာန်းနိုင်ရေး၊
၇။ ပြည်နယ်ဖွဲ့စည်းပုံ သီးခြားရေးဆွဲပြဌာန်းကျင့်သုံးခွင့် ရှိရေး၊
စတဲ့အချက်များပါတဲ့ အကြံပြုစာကို တင်သွင်းခဲ့ခြင်းဖြစ်တယ်။

ဒါဟာ တိုင်းရင်းသားလူမျိုးများအတွက် ရပိုင်ခွင့်နှင့် တန်းတူ အခွင့်အရေး ပြန်လည် တောင်းဆိုတဲ့ သမိုင်းမှတ်တမ်းတခု ဖြစ်ပါတယ်။ အလားတူ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ၀ အဖွဲ့အပါအ၀င် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၃) ဖွဲ့ ကလည်း (၁၃) ဖွဲ့နဲ့သိပ်မကွာတဲ့ အကြံပြုချက်စာတမ်းကို အမျိုးသားညီလာခံသို့ တင်ခဲ့ပါသေးတယ်။

အကြံပြုစာမှာ ပါဝင်သော အချက်များသည် တိုင်းရင်းသားများရဲ့ ဖြစ်နိုင်ခြေရှိသော ရပိုင်ခွင့်များ အခွင့်အရေးများကို ရေးသားတင်သွင်းထားသည်များသာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအကြံပြုလွှာများဟာ ညီလာခံထဲမှာ ထည့်သွင်းစဉ်းစားသုံးသပ်ခဲ့ခြင်းမရှိသည့်အပြင် ညီလာခံမှာ တခွန်တပါဒမျှ ထည့်သွင်းဆွေးနွေးပြောဆိုခဲ့ခြင်းမပြုခဲ့။

အလာတူဘဲ ဒီနောက်ဆုံး စစ်အစိုးရရဲ့ ညီလာခံ(၂၀၀၇ ဇူလိုင် ၁၈ ပြန်လည်စတင်ခဲ့) မှာ ညီလာခံမစမှီ စစ်အစိုးရ တွင်း(၁) ဗိုလ်ချုပ်သိန်းစိန်က ပြန်လည် ဖြည့်စွက် ပြင်ဆင်သင့်သည်များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ရန် ဟုဆိုပြီး ညီလာခံခေါ်ယူခဲ့ပြန်တယ်။ ဒါကြောင့် ညီလာခံကိုတက်ရောက်လာတဲ့ အပစ်ရပ်အဖွဲ့များထဲမှ တခုဖြစ်တဲ့ ကချင်အထူးဒေသ (၂) ကေအိုင်အို အဖွဲ့ဟာ ဖြစ်နိုင်ခြေရှိတဲ့ တိုင်းရင်းသားများ၏ အခွင့်အရေး ရပိုင်ခွင့်များ ရလိုရငြာအချက် အလက် (၁၉)ချက်ကို ပြန်လည် တောင်ဆိုတင်သွင်းခဲ့ပါသေးတယ်။ ဒီတောင်ဆိုချက်တွေရဲ့ အနှစ်ချုပ်ကတော့

၁။ နိုင်ငံတော်ဖွဲစည်း တည်ဆောက်ပုံဟာ ပြည်ထောင်စုစနစ်စစ်စစ်ဖြစ်ရန်၊
၂။ အချုပ်အခြာအာဏာ ပိုင်းခြားခွဲဝေခြင်းတွင် ပြည်နယ်လွှတ်တော်များသို့ လုံလောက်စွာ ခွဲဝေအပ်နှင်းရန်၊
၃။ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာသည် ပြည်နယ်အစိုးရအပေါ်ကန့်သတ်ထားမှုလျှော့ချပေးရန်၊
၎။ ပြည်နယ်အစိုးရ အကြီးအကဲ ရွေးချယ်မှုတွင် ၎င်းပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားထဲမှ ဖြစ်ရန်၊
၅။ ပြည်နယ်အစိုးရ ဖွဲ့စည်းမှုပြန်လည်ပြင်ဆင်ရေးဆွဲပေးရန်၊
၆။ ပြည်ထောင်စု ပြည်နယ် နယ်မြေနယ်နိမိတ် သတ်မှတ်ရာတွင် သက်ဆိုင်ရာ ပြည်နယ် ကိုယ်စားပြုသော လူမျိုးစုများရဲ့ သဘောတူညီချက်ကို ရယူရန် ၊
၇။ ဘာသာရေး လွတ်လပ်ခွင့်ပြုထားရန်၊
၈။ အမျိုးသား လွှတ်တော်၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသ ဆိုင်ရာ၊ စီမံခန့်ခွဲရေး များကို ပြန်လည်ပြင်ဆင်ရေးစွဲရန်၊
၉။ ကချင်ပြည်နယ်နိမိတ်ကို မူလအတိုင်းထားရှိရန်၊
စသည့် အချက်များ ပါဝင်ပါတယ်။

ဒါပေမယ့် ညီလာခံမှာ စစ်အစိုးရအလိုကျ ခေါ်ယူထားတဲ့ တိုင်းရင်းသားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ ကိုယ်စားလှယ်များက ချေပပြီးပယ်ချခဲ့ပြန်ပါတယ်။

ဤကဲ့သို့သော တိုင်းရင်းသားများရဲ့ မဖြစ်စလောက်သော ကိုယ်ပိုင်အခွင့်အရေးများနဲ့ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်များကို ဒီ ညီလာခံတခုထဲမှာ တင်သွင်း တောင်းဆိုခဲ့ဘူးတာမဟုတ်ပေ။ လွတ်လတ်ရေး ရစဉ်ကာလတလျှောက် တိုင်းရင်းသားခေါင်းဆောင်များ စဉ်ဆက်မပြတ် တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။ တောင်းဆိုမှုတိုင်းဟာလည်း ပယ်ချခံခဲ့ရသည်များသာ။ ဤသို့ပယ်ချခံခဲ့ရသောကြောင့် ပြည်တွင်းစစ်မီးသည် တိုင်းရင်းသား ဒေသတိုင်းမှာ ဖြစ်ပေါ်လာခဲ့တာ ဒီကနေ့အထိဘဲ ဖြစ်ပါတယ်။ သို့ပါသောကြောင့် တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်များကို ဤစစ်အစိုးရညီလာခံမှာ ထည့်သွင်းနိုင်ခြင်းမရှိသောကြောင့် ပြည်တွင်းစစ်မီး ပြန်လည် စတင်လာမည်မှာ အမှန်မုချပင်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရဲ့ ညီလာခံမှာ တောင်းဆိုထားတဲ့ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးများဟာ ဒီစစ်ညီလာခံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းထားခြင်းမရှိခဲ့သော်လည်း တိုင်းရင်းသားများရဲ့ကိုယ်ပိုင်အခွင့်အရေး ရပိုင်ခွင့်များ တိုက်ပွဲဝင်မှတ်တမ်းကို ဤ မှတ်တမ်းမဲ့မှတ်တမ်းအနေနဲ့ ကမ္ပည်တင် ရေးသားတင်ပြလိုက်ပါတယ်။

မှီငြမ်း။ ------- ။ ငြိမ်းချမ်းရေး အဖွဲ့ (၁၃)ဖွဲ့၏ အကြံပြုချက်စာတမ်း။ (၉-၆-၀၄)
ကချင်အထူးဒေသ ၂၊ ကေအိုင်အိုရဲ့ ညီလာခံအပေါ် အကြံပြုတင်သွင်းတဲ့စာတမ်း (၂၀၀၇၊ ဇူလိုင်)
SPDC ရဲ့ အမျိုးသားညီလာခံသမိုင်းအချို့ (Lခွန်းရီ)။

0 Comments:

Post a Comment

<< Home